ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေး နိုင်ရန် ဆောင်ရွက်ထားရှိပြီးသော ကျေးရွာအုပ်စု မဲရုံများအား ယနေ့ နံနက် (၉)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဖေနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဇရပ်ကြီးကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသောအချက်များအား လိုက်နာ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထန်းတပင်မြို့နယ် အနေဖြင့် ရပ်ကွက်(၆)ရပ်ကွက် ကျေးရွာအုပ်စု (၂၉)အုပ်စုတွင် မဲရုံစုစုပေါင်း (၉၄)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၉၆၅၉၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။
မြို့နယ် (ပြန်/ဆက်)