မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူပေါင်း (၁၅၃၉၈) ဦးရှိ

ချောင်းဆုံ  နိုဝင်ဘာ ၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးခြင်း ကာလ အောက်တိုဘာ(၂၉)ရက်နေ့မှစတင်ပြီး အသက်(၆၀)နှစ်နှင့်အထက်ရှိသူများနှင့်ရွေးကောက်ပွဲ တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲကိုသက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက် ဆန္ဒမဲ ပေးလျက်ရှိကာ နိုဝင်ဘာ ၃ ရက်နေ့အထိ ဆန္ဒမဲလာရောက်ပေးသူပေါင်း (၁၅၃၉၈)ဦးရှိပြီဖြစ်ကြောင်းသိရသည်။

ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်/ ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ၅ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒနယ်မြေ(၂) ခုရှိရာ မဲဆန္ဒ နယ်မြေအမှတ်(၁)တွင်ကျေးရွာ (၁၇)ခု မဲဆန္ဒနယ်မြေအမှတ်(၂)တွင် ရပ်/ကျေးအုပ်စု(၂၉)ခု မဲရုံပေါင်း (၇၅)ရုံတွင်စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၃၂၅၅၂)ဦးရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

မြို့နယ်(ပြန်/ဆက်)