ကမာရွတ် နိုဝင်ဘာ ၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု mask campaign အဖြစ် နှာခေါင်းစည်း Mask များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေခြင်းကို လှည်းတန်းလမ်း၊ လှည်းတန်းစျေးရှေ့တွင် ခရီးသွားပြည်သူများနှင့် ယာဥ်မောင်းများအား ယနေ့ နံနက် (၁၀) နာရီအချိန်မှ ၁၁ နာရီခွဲအချိန်အထိ ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
အဆိုပါ Mask များ ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စီမံခန့်ခွဲမှုဥပဒေပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ကမာရွတ်မြို့နယ် အမှတ် ၃၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲထွန်းအောင် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask ( ၁၀၀၀) ဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် (၂၀၀)စောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များ စီးနင်း မောင်းနှင်နေကြ၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)