နောင်ချို နိုဝင်ဘာ ၄
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ပါတီ စုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်၊ လုံခြုံရေးကြိုး၊ ဆန္ဒပြု တံဆိပ်တုံး၊ ဆန္ဒပြုခန်း၊ မှင်ဘူး စသည့် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၁) အုပ်စုမှ မဲရုံပေါင်း (၈၁) ရုံနှင့် မဲဆန္ဒရှင် (၁၀၅၄၂၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)