စစ်ကိုင်းမြို့တွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သူများ ကျန်ရှိမှုမဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များက အသိပေးဆော်ဩပေး

စစ်ကိုင်း နိုဝင်ဘာ ၄

စစ်ကိုင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သူများကို အောက်တိုဘာ(၂၉)ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်များရှိ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများမှ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိခဲ့ရာ ယမန်နေ့ ညနေ(၅)နာရီက ပန်းဘဲတန်း ရပ်ကွက် အတွင်း ကြိုတင်ဆန္ဒမဲပေးမည့်သူများကျန်ရှိမှုမဖြစ်ပေါ် စေရေးအတွက် လိုက်လံဆော်ဩပေး လျက်ရှိ ကြောင်းသိရသည်။        

နိုဝင်ဘာ(၈)ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပ နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ အသက်(၆၀)နှစ် အထက်ရှိသူများ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် နိုင်ငံဝန်ထမ်းများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အတွက် အောက်တိုဘာ(၂၉)ရက်မှစ၍ နိုဝင်ဘာ(၅)ရက်အထိ လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိမိမဲဆန္ဒနယ်မြေမှ ကျော်လွန်ခရီးသွားကြမည့် မဲဆန္ဒရှင် များ၏ မဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ကို နိုဝင်ဘာ(၆)ရက် မှ(၇)ရက်အထိ လည်းကောင်း  ခွင့်ပြုထားပေး ခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲ များကလည်း မိမိတို့မဲဆန္ဒနယ်မြေအတွင်းမှ ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သူများကျန်ရှိမှု မဖြစ်ပေါ် စေရန်အတွက် သက်ဆိုင်ရာရပ်ကျေး ကော်မရှင်အဖွဲ့ခွဲများက အသိပေးဆော်ဩပေး လျက်ရှိကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)