လှိုင်းဘွဲ နိုဝင်ဘာ ၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်း များကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒေါ်အိသဉ္ဇာအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုရန် မဲရုံသက်သေခံပြား၊ မဲရုံ ပြုပြင်ရေးစရိတ်၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ မဲပေးပုံအဆင့်ဆင့် အသိပညာ ပေးဗီနိုင်းတို့ကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ် တကျ ထုတ်ပေးလျက်ရှိသည်။
လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၃၉၆၂၀)ဦးရှိပြီး မဲရုံ(၁၇၆)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)