ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတား များကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကော့သောင်းမြို့နယ်၌ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်၉ နာရီ အချိန်က အေးရိပ်ငြိမ်ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။

နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတရဲရပ်ကွက်၌ ဖြတ်သန်းသွားလာနေသော ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

မေတ္တာမြို့၌ မဲရုံများအား မီးဘေးလုံခြုံမှုရှိစေရေးကွင်းဆင်းစစ်ဆေး ​

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ မေတ္တာမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ရက်နေ့၌ အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး လုံခြုံမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မေတ္တာမြို့ ၊အမှတ်(၁)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ကြိုတင်မဲ (၁၈၈) ဦးလာရောက်ထည့်ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့ (၁)ရပ်ကွက်၊မဲရုံတွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲပေး လာရောက်ပေးသူ (၁၈၈)ဦးရှိပြီဖြစ်ကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မေတ္တာမြို့ ၊ကျောက်မဲတောင်ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံးသို့ကြိုတင်ဆန္ဒမဲ(၁၆၆)ဦးလာရောက်ထည့်ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကျောက်မဲတောင်ကျေးရွာ မဲရုံတွင် ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ (၁၆၆)ဦးရှိပြီဖြစ်ကြောင်း ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရေဖြူမြို့၊(က)ရပ်ကွက်တွင် ကြိုတင်မဲ (၁၈၉)ဦးလာရောက်ထည့်ပြီးဖြစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊‌ေရဖြူမြို့ (က)ရပ်ကွက်၊မဲရုံအမှတ်(၁)၌ ယနေ့ နိုဝင်ဘာ ၄ ရက် နေ့အထိ ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ (၁၈၉)ဦးရှိပြီဖြစ််ကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပုလောမြို့နယ်အတွင်းရှိ မဲရုံများကို ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ပုလောမြို့ပေါ် ရပ်ကွက်များရှိ မဲရုံများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၇) ခုမှ ကိုယ်စားလှယ်လောင်း (၂၆) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရေဖြူမြို့နယ်အတွင်းပါတီ (၇) ခုမှ ကိုယ်စားလှယ်လောင်း (၂၆) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တနင်္သာရီမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများ၊ မဲဆန္ဒနယ်မြေကျော်လွန်၍ တာဝန်ထမ်းဆောင်ကြရမည့် ဝန်ထမ်းများမှ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲကို ဆက်လက်ပေးလျက်ရှိကြောင်း ချောင်းကြီးရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Subscribe to