ပြည် နိုဝင်ဘာ ၅
ပြည်မြို့နယ်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ် များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုလဲသီတာခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များ ထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သူက မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း ခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားပြီး မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များနှင့် ပြည်တွင်းကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များအား နိုင်ငံရေးပါတီများ၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် များ၊ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ရှေ့မှောက်တွင် နိုင်ငံခြားမဲ(၄၁၆)မဲနှင့် မဲဆန္ဒနယ် ပြင်ပနိုင်ငံတွင်းမဲ (၁၈၈)မဲကို မှတ်ပုံတင်ခြင်း၊ ရေတွက်ခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကြိုတင်မဲပုံးများထဲသို့ ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး (ပြန်/ဆက်)