တုံတာ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရာတွင် တုံတာမြို့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသော ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စနစ်တကျ လက်ဆေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို ကာကွယ်ဆေး သောက်ဆေးနှင့်ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ပြီး တုံတာမြို့ပေါ်ရပ်ကွက်ရှိ အသက် ၁ နှစ်ခွဲအောက် ကလေးငယ် (၂၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)