ဝိုင်းမော် နိုင်ဝင်ဘာ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် (ကချင်ပြည်နယ်တာဝန်ခံ)နှင့် အဖွဲ့သည် ဝိုင်းမော်မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ (၄) ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေး နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် (ကချင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ နောင်တာလော၊ ရပ်ကွက်(၁)၊(၂)၊(၃)၊(၄)၊ ခတ်ချို၊ မဒိန်၊ နန့်ဝါကျေးရွာသို့ ရောက်ရှိပြီး အသက် ၆၀နှစ်နှင့်အထက် အသက်ကြီး ဘိုးဘွားများ ကြိုတင်မဲလာရောက်ပေးမှုအခြေအနေများနှင့် မဲရုံအမှတ် (၁)၊ (၂)၊(၆)၊(၁၀)၊ (၂၅)၊(၂၇)၊(၂၈)၊ (၃၆)၊ (၃၈) ရှိ မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ စိတ်အေး ချမ်းသာစွာ မဲပေးနိုင်ရေး အတွက် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ လာရောက်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဌအလိုက်ရှင်းလင်းပြသရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် ကချင်ပြည်နယ်တာဝန်ခံနှင့် တာဝန်ရှိသူများ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆွေတင့်လွင် ကချင်ပြည်နယ် တာဝန်ခံနှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းနှင့် ဌာနဆိုင်ရာ များအား တွေ့ဆုံ၍ ဝိုင်းမော်မြို့နယ်အတွင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသောညွှန်ကြားချက် များကိုလည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် အခက်အခဲ မရှိအဆင်ပြေစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလဖြစ်၍ မဲရုံများအလိုက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများအတိုင်း စနစ်တကျ စီစဉ်ဆောင်ရွက် ထားရှိရေး ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ သည်။
ခိုင်သက်မွန်(ပြန်/ဆက်)