လေးမျက်နှာမြို့နယ်တွင် ဆန္ဒပြုမဲလက်မှတ်များစတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် ဆန္ဒပြုမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်း ပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အထူးရွေးချယ်လေ့ကျင့်ထားသော အထူးရဲများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်းများ ဟောပြောပို့ချခြင်း အခမ်းအနားကို အောင်မြတ်ခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူး တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက် တံတားတစ်စင်းလုံး၏ ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းမကြီးတို့သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသော မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း တစ်လနီးပါးခန့် ယာယီရပ်နားထားခဲ့ရပြီး၊ ယခုအခါ ချဉ်းကပ်တံတားများ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ခြင်းနှင့် ပင်မတံတား ရေလယ်တိုင် ဘိုးပိုင်တူးဖော်ခြင်း လုပ်ငန်းများကို ယနေ့တွင် ပြန်လည်စတင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ လုပ်ငန်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းနှင့် (Mask)များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က တာချီလိတ်မြို့အဝင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဇလွန်မြို့နယ်၌ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေး သုံးပစ္စည်းများ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ နှင့် ကျန်းမာရေးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်းသိရ သည်။

ရေဇွာ၌ အကြောင်းအမျိုးမျိုးကြောင့် သက်သေခံကဒ်ပြား ထုတ်ယူနိုင်ခြင်း မရှိသူများနှင့် ထုတ်ယူပြီး ပျောက်ဆုံးသော်လည်းမဲပေးနိုင်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့တွင် မဲပေးကြမည့် မဲဆန္ဒရှင်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ယူနိုင်ခြင်းမရှိသူများနှင့် သက်သေခံလက်မှတ် ပျောက်ဆုံးသူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်၏ (CERP) အစီအရ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကိုဗစ် - ၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ အကောက်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကရင်ပြည်နယ် စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက တနင်္သာရီမြို့နယ်၊ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးသည် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွှဲ ၃နာရီအချိန်က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်နှင့်ခိုင်လုံမဲဖြစ်စေရေး၊ မဲတံဆိပ်တုံးနှင့် ကြိုတင်မဲပုံးများကို စနစ်တကျလုံခြုံ စိတ်ချစွာ ထိန်းသိမ်းထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် သန့်ရှင်းသာယာ လှပစေရေးအတွက် တောင်တက်လမ်း တစ်လျှောက်စုပေါင်းအမှိုက်များကောက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် သန့်ရှင်းသာယာလှပစေရေးအတွက် We Love Kyaukse အဖွဲ့ဝင်များစုပေါင်းပြီး ယနေ့နံနက်(၈)နာရီခွဲက တောင်တက်ကားလမ်းမကြီးတစ်လျှောက် တောင်ခြေမှ စတင်ကာ တောင်ထိပ်ရင်ပြင်ပေါ်အထိ လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ ကောက်ယူခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်၌ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
Subscribe to