အင်တောမြို့တွင် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထုတ်ပေး

အင်တော နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအလိုက် အသုံးပြုရန် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို  ယမန်နေ့နံနက် ၁၁ နာရီက အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့်      KN 95(၂၀၆၅၉)ခု၊ Face Shield(ကိုင်း) (၁၀၅) ခု၊ Face Shield (ကော်ပြား) (၁၀၅) ခု၊ Surgical Gown (၂၁၀) ထည်၊ Medical  Cap (၂၁၀) ခု၊  PPE Level-3 (၆၃)ထည်၊ Surgical Gloves (၁၂၆)ခု၊ Protective Face Mask (၁၂၆)ခု၊ Goggles(၁၂၆)ခုနှင့် Boot (၄၂)ခု စသည့်ပစ္စည်းများကို အင်တောမြို့အတွင်းရှိ မဲရုံ(၂၁)ရုံအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ခိုင်(အင်တော)