အုတ်တွင်းမြို့နယ်တွင်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အုတ်တွင်း                နိုဝင်ဘာ       

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့ တွင်ကျင်း ပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကိုယမန်နေ့နံနက်၁၀ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သီရိရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကနိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်း ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအားအုပ်စုများဖွဲ့၍ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက်ပံ့ ပိုးကူညီ ဆောင်ရွက်ပေး နိုင်ရန်လုပ်ငန်း တာဝန်များခွဲဝေပေးအပ်ကာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဝိုင်း ဝန်းဆောင်ရွက်ကြ ရန်ပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးတင်ဝင်းက၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက်ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်များ အနေဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံများတွင်တာဝန်ယူ ဆောင်ရွက်မည့်မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ အားညွှန်ကြား ချက်များနှင့်  အညီဆောင်ရွက် နိုင်ရန်အတွက်တွေ့ဆုံဆွေးနွေးမည့် အစီအစဥ်များအားရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစန်းအေးနှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲကျင်းပချိန်တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်အတွက်ဆောင်ရွက် သွားမည့်အစီအမံများ၊ မဲဆန္ဒရှင်များစနစ်တကျဆန္ဒမဲပေးနိုင်ရေးအတွက်ဆောင်ရွက်မည့် အစီအစဉ်များ မဲရုံများ ကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ် ဆောင်ရွက် ရမည့် ကဏ္ဍများအားဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခင်မာ(ပြန်/ဆက်)