ကြံခင်း နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ကျေးရွာအုပ်စုအလိုက် မိုးစပါးစံကွက် အထွက်နှုန်း မှန်ကန်စေရေးအတွက် ယမန်နံနက်ပိုင်းတွင် ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန တို ့ပူးပေါင်းပြီ ဆုံလဲအုပ်စုနှင့် မဲကုန်းအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ ဆုံလဲအုပ်စုရှိကွင်းအမှတ်(၂၃) ဦးပိုင်အမှတ်၁၇၂/၁၀ တောင်သူဦးမျိုးဇော် စိုက်ပျိုးထားသော ဧရာမင်း စပါးစံကွက်အား ရိတ်သိမ်းရာတစ်ဧကလျှင် အစိုတင်း(၆၁.၃၀)တင်း ထွက်ရှိကြောင်းနှင့် ကြံခင်းမြို့မဲကုန်းအုပ်စုရှိ ကွင်းအမှတ်(၃၃) ဦးပိုင်အမှတ်၁၉၁/၁ တောင်သူဦးထွန်းထွန်းမင်း စိုက်ပျိုးထားသော ဧရာမင်းစပါးစံကွက်အား ရိတ်သိမ်းရာစံကွက် စပါးတစ်ဧကလျှင် အစိုတင်း(၇၈)တင်း ထွက်ရှိကြောင်းသိရသည်။
အဆိုပါ မိုးစပါးစံကွက်ထွက်နှုန်းမှန်ကန်စေရေးအတွက် ဆောင်ရွက်ရာသို ့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစတိုင်းသာယာနှင့် တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြို့ဇော်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက် ကြကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)