မိုင်းယောင်းမြို့နယ်တွင် လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ်လောင်း(၁၆)ဦးနှင့် အမျိုးသားလွှတ်တော်နေရာ၌ ကိုယ်စားလှယ်လောင်း(၇)ဦး ဝင်ရောက်ယှဉ်ပြိုင်

မိုင်းယောင်း  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လွှတ်တော်သုံးရပ်နေရာ အသီးသီး၌ ကိုယ်စားလှယ်လောင်း(၁၆)ဦးနှင့် အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း()ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း()ဦး၊ မဲန္ဒနယ်အမှတ်()မှ ရှမ်းပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း()ဦး၊ မဲဆန္ဒနယ်အမှတ်()မှ ရှမ်းပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း()ဦးနှင့် မဲဆန္ဒနယ်အမှတ်()မှ အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း()ဦး တို့က ကိုယ်စားပြုပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည်ဖြစ်သည်။

မိုင်းယောင်းမြို့နယ်အတွင်း လွှတ်တော်နေရာအသီးသီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊အမျိုးသားပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့်အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်း အသီးသီးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို မဲရုံ ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ဦးရေ ၂၇၁၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွံရုံးမှ သိရသည်။

အားချာ(ပြန်/ဆက်)