ကျောက်တလုံးကြီး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆) ရပ်ကွက်ရှိ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မရုံ၌ ယနေ့နံနက် ၉နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ တိုက်ကျွေးပေးရာတွင် ကျန်းမာရေးနှင့်အားကာစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နန်းစမ်းချို ဦးဆောင်၍ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးလမ်းညွန်ချက်နှင့်အညီ အသက်(၁) နှစ်ခွဲအောက်ကလေးများကို ပြင်းထန်ဝမ်းလျှော၊ ဝမ်းပျက်(ရိုတာ)၊ ပိုလီယို၊ ဆုံဆို့ ၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျိုက်သိုး၊ ဝက်သက် စသည့်ပုံမှန်ဆေးများကို စနစ်တကျ ထိုးနှံ/တိုက်ကျွေးကာ ကျန်းမာရေးအသိပညာပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြဝင်း (ပြန်/ဆက်)