လှိုင်းဘွဲမြို့နယ် ရွေးဂွန်းကျေးရွာရှိ ပဲပုတ်၊မြေပဲသီးနှံစိုက်ပျိုးထားသော စိုက်ခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ စစ်ဆေး

လှိုင်းဘွဲ            နိုဝင်ဘာ  ၅ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပဲပုတ်၊ မြေပဲသီးနှံစိုက်ခင်းများတွင်  ပိုးမွှား ရောဂါကျရောက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာ၊ ဝါးခုတ်တော ကျေးရွာများတွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဂွန်းနည်းပညာပြန့်ပွားရေး စိုက်ပျိုးရေး တာဝန်ခံက သာယာကုန်းကျေးရွာနှင့် ဝါးခုတ်တောကျေးရွာတွင် စိုက်ပျိုးထားသော ပဲပုတ်၊ မြေပဲ စိုက်ခင်းအတွင်း ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေးအတွက် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မြေဩဇာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)