ဒေါပုံ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးစန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ မဲရုံများအတွက်မဲလက်မှတ်များ၊ လွှတ်တော်အလိုက် မဲပုံးများ၊ ဆန္ဒပြုခန်း၊ ခြင်းများနှင့် အခြားမဲရုံသုံးပစ္စည်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့ထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၄)ရပ်ကွက်ရှိပြီး တိုင်းရင်းသားမဲရုံ အပါအဝင်မဲရုံစုစုပေါင်း(၆၃)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)