ဗိုလ်တထောင်မြို့နယ်တွင်နှာခေါင်းစည်း maskများတပ်ဆင်၍ စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်

ဗိုလ်တထောင် နိုဝင်ဘာလ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်းမတပ်ဆင်သူများအားစစ်ဆေးခြင်းကို  ယနေ့နံနက်(၉)နာရီက စျေးများနှင့်လူ စည်းကားရာနေရာများ၌ အရှိန်အဟုန်မြှင့်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ နှာခေါင်းစည်း(mask)တပ်ဆင်ရေးအတွက် စစ်ဆေးမှုများကို ဘိုကလေးစျေး၊ ချမ်းမြေ့ စျေး၊ပန်းဆိုးတန်း သင်္ဘောဆိပ်၊ ဗိုလ်အောင်ကျော် သမ္မာန်ဆိပ်နှင့် လင်းစဒေါင်း မှတ်တိုင်၊ ဘိုကလေးစျေးမှတ်တိုင် တို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း mask မတပ်ဆင်သူများအား နှာခေါင်းစည်း mask များအခမဲ့ဖြန့် ဝေပေးခြင်း နေအိမ်ပြင်ပသို့ထွက်တိုင်း mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊လက်ကိုမကြာခဏနှင့်စနစ် တကျဆေးကြောရန် တို့ကို မြို့နယ်ကိုဗစ်ရောဂါအရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြို့နယ်အသင်းအဖွဲ့များ ပူးပေါင်း၍နေ့စဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)