လှိုင်းဘွဲမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်များအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်

လှိုင်းဘွဲ            နိုဝင်ဘာလ   ၅

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  အောက်တိုဘာလ(၂၉)ရက်နေ့ တွင် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသက်(၆၀)နှစ်အထက် ကျန်းမာရေးမကောင်း၍ ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေး နိုင်ရေးလုပ်ငန်းများကို ယမန်နေ့ စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံအဖွဲ့ဝင်များ၊ အထူးရဲတပ်တပ်ဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်းဖြစ်နေသူများ၊ ကလေးမီးဖွားနေသူများ၊ မသန်စွမ်းသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရွေ့လျားဆန္ဒမဲပေးစနစ်ဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို မဲရုံများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)