ဥတ္တရသီရိမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်

ဥတ္တရသီရိ နိုဝင်ဘာ   

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ မဲရုံများအား ဆန္ဒမဲလက်မှတ်များနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်မည့် သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ခွဲဝေပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ဥတ္တရသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရာတွင် မဲရုံ(၄၉)ရုံအတွက် ဆန္ဒမဲလက်မှတ်များ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော Exam Glove (၂၇၀၀)ခု၊ Surgical Gown (၄၉၀)ခု၊ Medical Cap (၂၄၅)ခု၊ PPE (Cover all) (၂၄၅)ခု၊ Protective Face Mask (၂၄၅)ခု၊ Goggles (၂၄၅)ခု၊ Surgical Glove (၂၄၅)စုံ၊ Boots (၂၄၅)စုံနှင့် Boots Cover (၂၄၅)စုံ တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် တာဝန်ရှိသူများက ထုတ်ပေးခဲ့ပြီး အဆိုပါ ပစ္စည်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုက်လံပေးအပ် သွားမည်ဖြစ်သည်။

ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စုတွင် မဲရုံစုစုပေါင်း (၄၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ(၅၆၀၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ကို(ပြန်/ဆက်)