ကျောက်ဆည်မြို့တွင် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ် ကင်းဝေစေရန်အတွက် ပြည်လုံနိုင်ရပ်ကွက်နှင့် မြင်စိုင်းရပ်ကွက်များရှိ မဲရုံများနှင့် ပတ်ဝန်းကျင်နေရာ များတွင် ယနေ့နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ‌နိုဝင်ဘာ၄ရက် က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့သော ကျေးရွာအုပ်စုများနှင့် ကျေးရွာများ သို့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ရေစကြိုမြို့နယ်က တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း၍ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ Community Based Facility Quarantine သို့ ဝင်ရောက်နေသူများ ကြိုတင်မဲများ ပေးအပ်ပြီးစီး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် Community Based Facility Quarantineသို့ ဝင် ရောက်သူများအနေဖြင့် ယမန်နေ့ နံနက်(၁၁)နာရီမှစတင်ကာ ကြိုတင်ဆန္ဒမဲများပေး အပ်ပြီး ဖြစ်ကြောင်းသိရသည်။

ဟိုမိန်းမြို့မီးသတ်ဦးစီးဌာနမှ မြို့ပေါ်မဲရုံများမီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့မီးသတ်ဦးစီးဌာနမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းပြီး အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်(၃) ရပ်ကွက်ရှိ မဲရုံများ မီးဘေးလုံခြုံမှု ရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေး သည့် မဲဆန္ဒရှင်ပြည်သူ(၃၃၈၅၈)ဦးရှိပြီဖြစ်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတို့တွင် သွားရောက်ဆန္ဒမဲပေးလျက်ရှိရာ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူ(၃၃၈၅၈)ဦးရှိပြီဖြစ် ကြောင်း မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် မဲရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးသုံး အထောက်အကူပြု ပစ္စည်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကျင်းပ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ၊မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပသည်။

မင်းလှမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံအခင်းအကျင်း‌နှင့် ဆောင်ရွက်ထားရှိမူ အခြေအနေများကို ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံအခင်းအကျင်း‌နှင့် ဆောင်ရွက်ထားရှိမူ အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ထီးတပလူးထကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to