ကော့မှူးမြို့နယ်ရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

ကော့မှူး နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မဲရုံများ၌ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ မဲဆန္ဒရှင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ ကိုဗစ်ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရှိမှု၊ မဲပေးရန် လာရောက်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး၊ မြို့နယ်စီမံကိန်း၊ မြို့နယ် ပြန်/ဆက်၊ မြို့နယ်သမ၊ မြို့နယ်သစ်တောနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ တကူပုံကျေးရွာ၊ ဘောလုံးကွင်းကျေးရွာ၊ ဖျံရွာချောင်ကျေးရွာ ဘုရားနီ ကျေးရွာ၊ နတ်ရေ တွင်း၊ ရှာဘွားကျေးရွာများသို့ ကွင်းဆင်း ခဲ့ကြကြောင်း သိရှိရသည်။
မောင်အေးချမ်း