ပင်လည်ဘူး နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲကြို တင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပင်လည်ဘူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲရုံပေါင်း (၁၂၈) ရုံ၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ(၆)ခုနှင့် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပေါင်း (၈၄၂၆၆) ဦးရှိပြီး ကြိုတင်ဆန္ဒမဲများကို အောက်တိုဘာ ၂၉ ရက်နေ့မှစတင်၍ နိုဝင်ဘာ ၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ အသက် ၆၀ နှစ်နှင့်အထက်နှင့်အခြား ကြိုတင်ဆန္ဒမဲ ပေးသူပေါင်း (၁၀၀၄၃)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)