ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများ နှင့်ဆက်စပ်ပစ္စည်းမျာကိုယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ဒေါ်နီနီခိုင် မိသားစုမှ ငွေကျပ်(၁)သိန်း၊ဦးသက်နောင်+ဒေါ်ကြည်ကြည်ဝင်း မိသား စုမှ ငွေကျပ်(၂)သိန်းနှင့်ငွေကျပ်သိန်း(၂၀)ကျော်တန်ဖိုးရှိ Injection Cefepime 1G အလုံး(၃၀၀) တို့ကိုအလှူရှင်များက အထွေ ထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန် အထွေ ထွေရောဂါ ကုဆေးရုံကြီး မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူး တင် စကားပြန်လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)