ဒေးဒရဲ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲ ပေးရာ၌ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာ နေရာများ၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် ဘေးကင်း လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးရမည့် နည်းလမ်းအဆင့်ဆင့်အား သိရှိနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရေးစသည့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် ဝန်ထမ်းများက လူစည်ကားရာ နေရာများနှင့် ဈေးများအတွင်း လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)