ရေဇွာမြို့ရှိ မဲရုံ (၃) ရုံတွင် သတင်းသမားများနှင့် မဲဆွယ်စည်းရုံးသူများအတွက် သတ်မှတ်နယ်မြေများ စိုက်ထူ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့တွင် မဲရုံ(၃)ရုံ ဖွင့်လှစ်ဆောင်ရွက်ထားပြီး အဆိုပါမဲရုံ (၃) ရုံ၌ ယနေ့နံနက်ပိုင်းက စတင်ပြီး သတင်းမီဒီယာများ၊ မဲဆွယ်စည်းရုံးသူများအတွက် ကန့်သတ် နယ်မြေများ သိသာထင်ရှားစေရန် ပေကြိုးများတိုင်းတာပြီး သတ်မှတ်နယ်မြေများ စိုက်ထူ ခဲ့ကြကြောင်း သိရသည်။

ဟားခါး၌ ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေး ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်း ပပျောက်စေရေးရည်ရွယ်၍ ​ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းနှင့် နှာခေါင်းစည်းMask များ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများကို ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၁၀၉)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၁၀၉)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ယမန်နေ့ ညနေပိုင်းက အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တီးတိန်၌ သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်း ပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး များသို့ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကို ယမန်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ရေး ပြည်ထောင်စု ရံပုံငွေမှ ငွေကျပ် (၂၂၇၀.၁၁)သန်း သုံးစွဲမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် (၂၂၇၀.၁၁)သန်းအား သုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်တွင် မြို့နယ်အရောက် သား၊ ငါး၊ စားသောက်ကုန်များ စျေးရောင်းချခြင်း အစီအစဉ် (Mobile Market) အား ဒုတိယအကြိမ် လာရောက်ရောင်းချ

ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စာသောက်ကုန်များ စျေးနှုန်းချိုသာစွာနှင့် လွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြို့နယ်ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အတွင်းစျေးကားဖြင့် သား၊ ငါး၊ စားသောက်ကုန်များ ရောင်းချခြင်း (Mobile Market) အား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ ဇေယျာမွန်အိမ်ယာ၊ ရွှေထီးအိမ်ယာ တို့၌ လှည့်လည်ရောင်းချ ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်တွင် တာ၀န်ကျ မဲရုံ၀န်ထမ်းများအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံ တာ၀န်ထမ်းဆောင်ကြမည့် ၀န်ထမ်းများကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်း ရပ်ကွက် စတုမာလာဓမ္မာရုံ၌ ဆင့်ပွား သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ငွေဆောင် မြို့အထွေထွေအုပ်အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းသည် ယနေ့ နံနက် (၈)နာရီချိနတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ငွေဆောင် မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့နယ်၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့် နေရာများပြင်ဆင်ဆောင်ရွက်ပြီးစီး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချူပ်ရေး ကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆေးဖျန်းခြင်းကို ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်အလိုက် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ပလောက်မြို့၌ နှာခေါင်းစည်းများကို ပြည်သူများလက်ဝယ်အရောက် အခမဲ့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများကို ယနေ့နံနက်ပိုင်းက အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to