ပဲခူး နိုဝင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးထွန်းခင်သည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ယာယီမဲရုံဆောက် လုပ်ထားရှိမှုနှင့် တပ်မဲရုံများ ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်တွင် တပ်မဲရုံပေါင်း(၁၁)ရုံ ရှိပြီး မဲရုံစုစုပေါင်း (၂၀၆)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၄)သိန်းကျော်ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)