ဌာနဆိုင်ရာဝန်ထမ်းများအား မဲရုံပြင်ပ၊ အပြင်စည်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်

တံတားဦး နိုဝင်ဘာ ၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအား မဲရုံပြင်ပ ၊ အပြင်စည်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး တိုးချဲ့ဆောင်၌ ကျင်းပသည် ။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်က ဝန်ထမ်းများအား တာဝန်ပေးအပ်မှုအပိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ဌာနဆိုင်ရာများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများက မေးမြန်းသည့် အချက်အလက် များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ဌာနဆိုင်ရာများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ၊ မဲရုံအလိုက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ၊ မဲရုံအပြင်စည်း လုံခြုံရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက် ကြကြောင်းသိရသည် ။

ရဲတင့်(တံတားဦး-ပြန်/ဆက်)