ကျိုက်မရော နိုဝင်ဘာ ၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ယာယီမဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်၉နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက အတ္တရံရပ်ကွက်မဲရုံနှင့် ရှင်စောပုရပ်ကွက်မဲရုံများသို့ ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကိစ္စရပ်များအား သတ်မှတ်ပေးထားသော လုပ်ငန်းတာဝန်များအတိုင်း ကော်မရှင်အဖွဲ့ဝင်များက ဆောင်ရွက်ကြရန် ၊ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲ ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရူစစ်ဆေးခဲ့ကြပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းက ရွေးကောက်ပွဲကို စံငါးချက် နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အထူးအလေးထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ချိုချို (ပြန်/ဆက်)