ဝိုင်းမော်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးသူ (၉၉၃၂)ဦး လာရောက်မဲပေး

ဝိုင်းမော်         နိုင်ဝင်ဘာ     

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ကာလ အောက်တိုဘာ (၂၉)ရက်မှ နိုင်ဝင်ဘာ ()ရက်နေ့အထိ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ (၉၉၃၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကြိုတင်ဆန္ဒမဲများကို ဝိုင်းမော်မြို့နယ်အတွင်း မဲရုံ (၅၈)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း (၉၄၁၅၃)ဦးအနက် အသက်(၆၀)နှင့်အထက် သက်ကြီးဘိုဘွားများ၊ တာဝန်ဖြင့်ခရီး ထွက်ခွာမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများနှင့် ကျန်းမာရေးမကောင်းသူ (ဆေးကုသူမှုခံယူနေသူ) စုစုပေါင်း(၉၈၆၀)ဦး၊ မဲဆန္ဒနယ်ပြင်ပရောက် (ပြည်တွင်း) ()ဦး၊ မဲဆန္ဒနယ်ပြင်ပ ရောက် (ပြည်ပ) (၆၆) ဦး ကြိုတင်ဆန္ဒမဲပေးသူစုစုပေါင်း (၉၉၃၂)ဦး ဆန္ဒမဲပေးခဲ့ကြသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးကြသည့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် ကျန်းမာ ရေးနှင့်အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ဆောင်ရွက်ထား၍ ကြိုတင်ဆန္ဒမဲပေးစေပြီး မဲရုံ သို့ကိုယ်တိုင်မလာရောက်နိုင်သော သက်ကြီးဘိုးဘွားများ၊ နာမကျန်းဖြစ်သူ (ဆေးကုသခံယူနေသူ) မသန် စွမ်းသူများ စသည့် ဆန္ဒမဲပေးနိုင်ရန်ခက်ခဲသူ များအား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများမှ အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)