ချောင်းသာမြို့နှင့် ကျေးရွာအုပ်စုများရှိ ပြင်ဆင်ဆောင်ရွက်ထားရှိသောမဲရုံများအား စစ်ဆေး

ချောင်းသာ နိုဝင်ဘာ ၇

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်သူများ မဲပေးနိုင်ရန် ပြင်ဆင်ထားသော ချောင်းသာမြို့နှင့် ကျေးရွာအုပ်စုများရှိမဲရုံများအား လိုက်လံစစ်ဆေးခြင်းအစီအစဉ်ကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သောအဖွဲ့မှ မဲရုံများသို့သွားရောက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံကာ မဲရုံတွင်းစီစဉ်ဆောင်ရွက်ထားမှုများအား ကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ကြသည်။

သို့ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မဲရုံပြင်ဆင်ဆောင်ရွက်ထားမှုများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ၊ မဲရုံများမီးလင်းရေးကိစ္စများ၊ မဲရုံလုံခြုံရေးစီမံ ဆောင်ရွက်မှုများစသည်ဖြင့် စစ်ဆေးမေးမြန်းပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ Volunteer များမှ မဲရုံတွင်းဆေးဖြန်းပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမောင်