ဖားဆောင်း နိုဝင်ဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ဘောလခဲခရိုင်ရွေးကောက်ပွဲ အရာရှိ၊ ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀)နာရီ ခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးတင်စိုးနှင့် အဖွဲ့ဝင်များ၊ ဘောလခဲခရိုင် ရွေးကောက်ပွဲအရာရှိ ဦးကျော်လင်း၊ ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးရဲလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွန်းနှင့်အဖွဲ့ဝင်များက မဲရုံများ၌ ဆန္ဒမဲပေးသူများ အဆင်ပြေစေရေးအတွက် ညွှန်ကြားချက်နှင့်အညီ မဲရုံများတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာ တန်းစီကာ၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဆန္ဒမဲပေးရန်၊ လက်သန့်ဆေးရည်များ၊ မင်တို့ခြင်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင် (ဖားဆောင်း)