ဝိုင်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကျေးရွာများသို့ မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ဝိုင်းမော် နိုင်ဝင်ဘာ  

မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေစွာမဲပေးနိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာများရှိ မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို နိုဝင်ဘာ ရက် နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပ နိုင်ရန်အတွက် ဝိုင်းမော်မြို့နယ်အတွင်းရှိ မုတ်လွဲကျေးရွာ၊ ခတ်ချိုကျေးရွာ၊ မခန္တီးကျေးရွာ၊ စန်းကားကျေးရွာ၊ နောင်ဟီးကျေးရွာရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မီးရရှိမှု အခြေအနေများ၊ မသန်စွမ်းသူများနှင့် ကျန်းမာရေးမကောင်းသူများ အဆင်ပြေစွာမဲပေးနိုင်စေရေး နှင့် မဲရုံများ လှည့်လည်စစ်ဆေးကြီးကြပ်ရာတွင် စစ်ဆေးအသိပေးရန် လိုအပ်ချက် (၃၆)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မဲရုံပြင်ဆင်ဆောင်ရွက်ရာ၌ လိုအပ်ချက်ရှိသည်များကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ခိုင်သက်မွန်(ပြန်/ဆက်)