ပိုင်ကျုံ နိုဝင်ဘာလ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ခင်စောလင်းနှင့် ဒေါ်နန်းစိုးစိုးသန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လိုက်ပါလျက် ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများတွင် မဲရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပိုင်ကျုံမြို့ အတွင်းရှိ နောင်ဘိုကြီး၊ ၀င်းဖရနှင့်ရွာကိုင်းကောင်း ကျေးရွာများရှိ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဥပဒေနှင့်အညီ မဲရုံ အတွင်း/အပြင် သတ်မှတ်ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထား သော ညွန်ကြားချက်နှင့်အညီ မဲရုံများ ကြိုတင်ပြင် ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)