အုတ်ဖိုမြို့နယ်တွင် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ လာရောက်လေ့လာ

အုတ်ဖို   နိုဝင်ဘာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကြိုတင်မဲပေးမှု အခြေအနေများကို နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဖိလစ်ပိုင်နိုင်ငံသူ Ms Aress Escalona Alonso နှင့် အဖွဲ့တို့သည် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ရောက်ရှိကာ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အတွင်းရေးမှူး ဦးမျိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးတို့နှင့် တွေ့ဆုံပြီး လိုအပ်သည်များမေးမြန်းကာ ရွာမရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ဆက်လက်၍ အုတ်ဖိုမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေ အနေများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)