ဆင်ပေါင်ဝဲမြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့ ယနေ့နံနက်ပိုင်း မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ကာ မဲဆန္ဒရှင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲ ပေးလျက်ရှိသည်။