မတူပီမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပ

၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မတူပီမြို့၌ နိုဝင်ဘာ(၈)ရက်နေ့ နံနက် (၆) အချိန်က မဲရုံပေါင်း(၁၃)ရုံကိုတစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လာရောက် မဲပေးလျက်ရှိသည်။

စုကလိမြို့၌ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ သတ်မှတ်မဲရုံ ၂ ရုံတို့တွင် ယနေ့နံနက် ၆ နာရီအချိန်မှစတင်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် နို၀င်ဘာလ(၈)ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက်(၆)နာရီ အချိန်မှစတင်၍ ပြည်သူများ ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဲဆန္ဒရှင် ပြည်သူများ ‌အေးချမ်းစွာဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌‌တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က စတင်ကာ ရပ်ကွက်များအလိုက် သတ်မှတ် မဲရုံအသီးသီးတို့တွင် ဆန္ဒမဲပေးခြင်းများကို ကျင်းပ ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆) နာရီမှ စတင်၌ ဆန္ဒမဲများစတင်ပေးနေပြီဖြစ်ပြီး လိုင်းလင်းပီမြို့ပေါ်ရှိ မဲရုံ(၂)ရုံ၌လည်း ဆန္ဒမဲများ ပေးနေကြပြီဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနေ့ နံက် ၆ နာရီတွင် တစ်ပြိုင်နက် စတင်ဖွင့်လှစ်သည့် ပန်းတောင်းမြို့နယ်ရှိ မဲရုဲ(၁၃၅)ရုံ၌ မဲဆန္ဒရှင် မဲပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပသည့် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စု (၄၉)အုပ်စုရှိ မဲရုံပေါင်း (၁၃၅)ရုံကို နံက် ၆ နာရီတိတိအချိန်က တစ်ပြိုင်နက် မဲလာပေးလျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျီခါးမြို့ရှိ သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပလျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်၌ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ဆန္ဒမဲများ စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရသည်။

ကွန်ဟိန်းမြို့ မဲရုံအသီးသီး၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြည်သူများ ဆန္ဒမဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယနေ့နံနက် (၆:၀၀) နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျှက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီတွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ သတ်မှတ် မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများတွင် တစ်ပြိုင်တည်းကျင်းပဆောင်ရွက်လျက်ရှိရာ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ ကြောင်း သိရသည်။
Subscribe to