ချောင်းသာ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒပြုမဲပေးနိုင်ရန်အတွက် ယနေ့နံနက်(၆)နာရီက သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံမှူးများမှမဲရုံ ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ကြသည်။
သို့ရာတွင်ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင်လည်းမဲရုံမှူးမှ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် စောင့်ကြည့်ပါတီဝင်များ၏ ရှေ့မှောက်၌ မဲပုံးအား အလွတ်ဖြစ်ကြောင်း ပြသပြီး ပြည်သူများ ဆန္ဒမဲလာရောက်ပြုနိုင်ရန် အတွက်မဲရုံဖွင့်လှစ်ကြောင်းကို ကြေညာခဲ့ရာမဲပေးရန် ကြိုတင်စောင့်ဆိုင်းနေကြသော ပြည်သူများ တက်ကြွစွာဆန္ဒပြု မဲပေးလျက်ရှိသည်။
ကိုကိုမောင်(ပြန်/ဆက်)