ဝမ်းတွင်း နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုအရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများအနေဖြင့် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် မဲဆန္ဒနယ်အမှတ် (၁) တွင် ရပ်ကွက်ကျေးရွာ အုပ်စု (၃၅) ခု၊ မဲရုံအရေအတွက်(၁၅၃)ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ (၈၃၀၇၁) ဦးနှင့် မဲဆန္ဒနယ် အမှတ်(၂)တွင် ရပ်ကွက်/ကျေးရွာအုပ် စု(၄၀)ခု၊ မဲရုံအရေအတွက်(၁၆၅)ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ(၈၂၉၀၂)ဦး၊ စုစုပေါင်း ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၉၇၃) ဦးရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲ ပေးသူများအနေဖြင့် ယနေ့နံနက်(၆)နာရီအချိန်မှ စတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲများကို လွတ်လပ်စွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)