တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံများ၌ လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲ ပေး

တောင်ငူ နိုဝင်ဘာ

တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာမဲရုံများတွင် ယနေ့နံနက် နာရီ အချိန်မှ၍ မဲဆန္ဒရှင် ပြည်သူများ သက်ဆိုင်ရာ မဲရုံများအလိုက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး လျက်ရှိကြောင်း သိရသည်။

ဆန္ဒမဲလာရောက်ပေးကြသည့်  ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များ နှင့်အညီ လက်သန့်ဆေးရည်ဖျန်း ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အသစ်လဲလှယ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ()ပေခွာ၍ ဝင်ရောက်စေခြင်း၊ မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို မဲရုံတာဝန် ကျဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများကလည်း မိမိတို့၏ဆန္ဒအလျောက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။

တောင်ငူမြို့နယ်တွင် မဲရုံပေါင်း (၁၉၃) ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၉၀၀၀၀) ကျော်ရှိကာ ဆန္ဒမဲပေး ခွင့်ရှိသူ ပြည်သူများ အဆင်ပြေ ချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇော်ထက် (တောင်ငူ)