အင်တောမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေး

အင်တော    နိုဝင်ဘာ    ၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်တောမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအား ကိုဗစ် - ၁၉  ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ ပေးနိုင်ရန်  မဲရုံတာဝန်ရှိသူများက အဖျားတိုင်းပေးခြင်း၊ ရေမလို သည့် လက်သန့် ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ N 95 နှာခေါင်းစည်း(mask)များ ဝေငှပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ ကွာခြား နေရာချပေးထားခြင်း စသည်တို့ကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အင်တောမြို့တွင် မဲရုံပေါင်း (၂၁) ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူပေါင်း (၂၄၅၁၃) ဦးရှိကြောင်း သိရသည်။

အောင်ခိုင်(အင်တော)