ဇမ္ဗူသီရိမြို့​နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ အေးချမ်းစွာ မဲပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ   ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့​နယ်တွင် ယနေ့ နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေး လမ်းညွှန် ချက် နှင့်အညီ အေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)စုရှိပြီး မဲရုံပေါင်း(၄၅)ရုံ ဖွင့်လှစ်ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။

 ဇော်မင်းလွင်၊ ဟိန်းသူအောင်(ပြန်/ဆက်)