တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပ

ရန်ကုန်    နိုဝင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် ယနေ့နံနက်()နာရီအချိန်မှ စတင်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်လျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲ လာရောက် ပေးလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ မဲရုံများသို့ လာရောက်ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဦးနှစ့်တစ်ဦး ()ပေအကွာအဝေး သတ်မှတ်၍ Social Distancing စနစ်ဖြင့် စနစ်တကျ တန်းစီပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်ဆေးစေခြင်း၊ မျက်နှာကာများ (Face Shields)နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ ဝင်ရောက်စေခြင်း၊ မဲရုံအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ()ရက်နေ့၌ ယာယီမဲရုံ()ရုံအပါအဝင် မဲရုံပေါင်း(၁၂၃)ရုံရှိ၍  အဆိုပါ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)