မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၂)ဦး ကျန်းမာ‌ရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်း

မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးနှင့် မြို့နယ်တိုင်းရင်းဆေးရုံ(အရန်ဆေးရုံ)တို့တွင် ဆေးကုသမှု ခံယူ‌‌နေသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယ‌နေ့နေ့လယ်တွင် ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ၂၂ ဦးဆင်းခွင့်ရရှိသည်။ ဆေးရုံဆင်းခွင့်ရရှိသူများအားလုံး ကျန်းမာရေး ကောင်းမွန် လျက်ရှိသည်။

မိုင်းယုမြို့၌ ဆုံဆို့နာကာကွယ်ဆေးအပါဝင် အမီလိုက်ကာကွယ်ဆေး(တတိယအကြိမ်) တိုက်ကျွေး/ထိုးနှံ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၁၅)နှစ်အောက် ကလေး ငယ်များကို ဆုံဆို့နာကာကွယ်ဆေးအပါဝင် အမီလိုက်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်၍ ပြည်သူ့ဆေးရုံ၌ (တတိယအကြိမ်)တိုက်ကျွေးထိုးနှံပေးနေလျက်ရှိသည်။

ပွင့်ဖြူမြို့နယ် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ မိုးစပါးစိုက်ခင်းများအတွက် သီးနှံအောင်ရေပိတ်မည့်ရက် တောင်သူများအား အသိပေးကြေညာ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ နွေ ၊ မိုး ၊ ဆောင်း ရာသီမပျက် သီးနှံစိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ  မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီအတွက် ဖြန့်ဝေပေးလျက်ရှိသော သီးနှံအောင်ရေအား ယခုလကုန်အထိသာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကို ယနေ့နံနက်ပိုင်းက မိုးစပါး စိုက်ပျိုးတောင်သူများအား အသိပေးကြေညာထားကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ဆောင်းမြေပဲများ အောင်မြင်ဖြစ်ထွန်း

ဂန့်ဂေါမြို့နယ်အတွင်း ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် နေကြာနှင့် မြေပဲကို အဓိကထား စိုက်ပျိုးကြရာ ယခုနှစ်တွင် စိုက်ပျိုးထားသည့် ဆောင်းမြေပဲခင်းများမှာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေး အတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုအောင်မြင်စွာကျင်းပပြီးစီး

၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ၊အထွေထွေရွေးကောက်ပွဲကိုမြန်မာနိုင်ငံတစ်ဝှမ်းလုံးယနေ့နံနက် (၆)နာရီအချိန်မှ စတင်ကျင်းပလျက် ရှိရာညောင်လေးပင်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ညနေ(၄)နာရီအချိန်တွင် မဲရုံများပိတ်သိမ်း၍မဲရုံပရဝဏ်အတွင်း ကျန်ရှိနေသော ပြည်သူများကို ဆက်လက် ဆန္ဒမဲပေးစေခဲပြီးဆန္ဒမဲပေးမှုအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။

ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲရုံပိတ်သိမ်း၍ ဆန္ဒမဲလက်မှတ်များ ရေတွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ်(၁)ကို ယနေ့ညနေ ၄နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံပိတ်သိမ်းကြောင်းကြေညာ၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိကြသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးမှု အောင်မြင်စွာကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ (၈)ရက်နေ့ နံနက်(၆) နာရီမှစတင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့်ကျင်းပပြုလုပ်လျှက်ရှိသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲ​ပေးသည့်မဲရုံများ ပိတ်သိမ်း​ကြောင်း​ကြေညာခြင်းနှင့် ဆန္ဒမဲလက်မှတ်များ​ရေတွက်

ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ကြည့်မြင်တိုင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲ​ပေးသည့်မဲရုံများ ပိတ်သိမ်း​ကြောင်း​ကြေညာခြင်းကို ယ​နေ့ ည​နေ ၄ နာရီအချိန်က ကြေညာ​ပေးခဲ့​ကြောင်း သိရသည်။
Subscribe to