မိုင်းကိုင်မြို့နယ်၊ နမ့်မော်ပျဉ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ ဒေါ်မေယု နေအိမ်၌ အောက်တိုဘာလကုန်ရက်က ဘုရားမီးပူဇော်ထားပြီး အိပ်ပျော်သွားရာ မီးလောင်သဖြင့် ၎င်း၏အိမ် အပါအဝင် ကျေးရွာအတွင်း နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့မှုအပေါ် ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့သည်။