မော်လမြိုင်ကျွန်း နိုဝင်ဘာ ၉
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးနှင့် မြို့နယ်တိုင်းရင်းဆေးရုံ(အရန်ဆေးရုံ)တို့တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယနေ့နေ့လယ်တွင် ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ၂၂ ဦးဆင်းခွင့်ရရှိသည်။ ဆေးရုံဆင်းခွင့်ရရှိသူများအားလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
အဆိုပါ ဆေးရုံဆင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များမှ သွားရောက်ကြိုဆို အားပေးကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းမှ ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ မိမိနေအိမ်တွင် Stay at Home နေရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဆေးရုံဆင်းသူများအား မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်တိုင်ယာရောက် လိုက်လံ ပို့ဆောင်သည်။
ယနေ့နေ့လယ်ပိုင်းထိ မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ကျား၊ မပေါင်း (၁၄၉)ဦးရှိပြီး မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ယနေ့နေလယ်ပိုင်းထိ ပိုးတွေ့လူနာ (၅၁)ဦးသာ ကျန်ရှိပြီးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသပေးလျက်ရှိသည်။ ကုသဆဲလူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြသည်။
မြို့နယ်တွင် ဆေးရုံဆင်းသူ အသက်အရွယ်ကြီးသူ၊ ကလေးငယ်များ အပါအဝင် ကျား၊ မ စုစုပေါင်း (၉၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)