ဗဟန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲပေးသည့်မဲရုံများ ပိတ်သိမ်းကြောင်းကြေညာခြင်းနှင့် ဆန္ဒမဲလက်မှတ်များရေတွက်လျက်ရှိ

ဗဟန်း   နိုဝင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဆန္ဒမဲပေးသည့်မဲရုံများကိုယနေ့ ညနေ ၄ နာရီအချိန်တွင် ပိတ်သိမ်းကြောင်းကြေညာခဲ့သည်။

အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် နာရီအချိန်မှာ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများစိတ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် ရပ်ကွက်(၂၂)ရပ်ကွက်ရှိပြီး အသက်(၁၈)ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော  မဲဆန္ဒရှင်ပြည်သူပေါင်း(၆၈၀၀၀) ဦးခန့်အား အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေးအတွက်

ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ညနေ(၄း၀၀)နာရီအချိန်တွင် ပိတ်သိမ်းပြီး နောက်မဲရုံမှူးများမှ ဆန္ဒမဲလက်မှတ်များကို အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာကြေညာရေတွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါမဲရုံးများတွင်မဲဆန္ဒရှင်ပြည်သူများလုံခြုံ၊စိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲများပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲများလာရောက်ပေးခဲ့ကြကြောင်းသိရှိရသည်

 အောင်မြင့်(ပြန်/ဆက်)