မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ နေရပ်ပြန် (၁၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ် (၁၆)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး ရန်ကုန်ပြန်များဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။

ကောလင်းခရိုင် ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုး ထားသော မိုးစပါး မျိုးသန့် မျိုးစေ့ ထုတ်စိုက်ခင်းအတွင်း စံကွက်ရိတ်သိမ်းရာ တစ်ဧကအစိုထွက်နှုန်း ၁၁၀ တင်းထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်ကွက်စိုက်ပျိုးထားသော ဝင်းကြီးအုပ်စု၊ ကွင်းအမှတ် (၁၂၆၅)၊ ဦးပိုင်အမှတ်(၃၆)၊ တောင်သူ ဦးညိုဝင်း၏ ဆင်းဧကရီ-၃ စိုက်ခင်း(၈)ဧက၌ ၀.၁၀(၆၆'×၆၆')စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကအစိုထွက်နှုန်း ၁၁၀ တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ စပါးခင်းများ အား ပိုးမွှားကျရောက်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ် ပျဉ်းခုံကြီးစိုက်ပျိုးရေးစင်တာနယ်မြေအတွင်းရှိ စပါးစိုက်ခင်း များအတွင်း ပိုးမွှားကျရောက်မှုရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စိုက်ပျိုးရေး စင်တာမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင်ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ဧက (၂၉၀၀)ကို အကျိုး ပြုမည့် လျှပ်စစ်မြစ်ရေတင် စီမံကိန်း(၃)ခု အကောင်အထည်ဖော်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပထမနှစ်အဖြစ် လျှပ်စစ် မြစ်ရေတင်စီမံကိန်း(၃)ခုကို အကောင်အထည်ဖော်တည်ဆောက်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် အသက်(၇၆)နှစ်အရွယ် အတည်ပြု လူနာအပါအဝင်(၅)ဦး ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူ နေသည့် အသက်(၇၆)နှစ်အရွယ်အမျိုးသားအပါအဝင် အတည်ပြုလူ (၅)ဦးတို့ဟာ ဆေးရုံဆင်း သတ်မှတ် ချက်များအရ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဆေးရုံ မှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက် ထားကြောင်း သိရသည်။

ဆုံဆို့နာနှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ပုံပါကျင်မြို့တွင် ထိုးနှံပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့တွင် လတ်တလောဖြစ်ပွားနေသော ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပုံပါကျင်ကျေးလက်ကျန်းမာရေးဌာတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂) Quarantine Centre တွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ) ရပ်ကွက်၊ စေတနာရှင်အသင်းသို့ အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ အသက် (၁၅) နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အသက် (၁၅) နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to