ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲရုံပိတ်သိမ်း၍ ဆန္ဒမဲလက်မှတ်များ ရေတွက်

ပြည် နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ်()ကို ယနေ့ညနေ ၄နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံပိတ်သိမ်းကြောင်းကြေညာ၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများရှေ့မှောက်တွင်  ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိကြသည်။

အဆိုပါခေတ္တရာရပ်ကွက် မဲရုံအမှတ်()တွင် ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ စုစုပေါင်း( ၁၆၄၀ )ဦးရှိသည့်အနက်  ကြိုတင်ဆန္ဒမဲပေးသူ(၂၇၂ )ဦးရှိပြီး ယနေ့လာရောက်ဆန္ဒမဲပေးသူစုစုပေါင်း( ၈၈၀   )ဦးဖြစ်ကြောင်း ခေတ္တရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျင်သိန်းထံမှ သိရသည်။

ပြည်မြို့နယ်တွင် မဲရုံပေါင်း(၂၀၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း(၁၉၆၉၇၉)ဦးရှိကာ အဆိုပါမဲရုံများ၏ မဲရလဒ်အဖြေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံသို့ပေးပို့ပြီး ဆက်လက်၍ မဲစာရင်းရလဒ်အဖြေများကို အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)